ဒေါ်ယမင်းဌေးသည် မောင်နှမသုံးယောက်ထဲတွင် အငယ်ဆုံးဖြစ်ပြီး မိသားစုဈေးဆိုင် ၁ဆိုင်ဖွင့်ထားသူဖြစ်ပါသည်။
သူမသည် ဖော်ကျူးဖန် မြန်မာ နှင့်လက်တွဲခဲ့သည်မှာ ၂၀၁၄ခုနှစ်ကတည်းကဖြစ်ပြီး သူမ ပထမဆုံးအကြိမ်ချေးငွေ ကျပ်၂၀၀၀၀၀ အား မိသားစုအိမ်လုပ်ငန်းလုပ်ကိုင်ရန်အတွက် ထုတ်ချေးခဲ့ပါသည်။ ချေးငွေချေးပေးသည့်အကြိမ်တိုင်းတွင် သူမသည် ချေးငွေပမာဏအများဆုံးရရှိခဲ့ပြီး ယင်းချေးငွေဖြင့် သူမ၏ ဆိုင်အား တိုးချဲ့လုပ်ကိုင်ခဲ့ပါသည်။ နောင်တွင် သူမသည် မိသားစုမြေပေါ်တွင် စတိုးဆိုင်အကြီးဖွင့်ရန် စီစဉ်နေပြီဖြစ်ပါသည်။
ဒေါ်ယမင်းဌေးသည် ဖော်ကျူးဖန် မြန်မာ နှင့် ဆက်ဆံရေးကောင်းမွန်ပြီး ဝန်ထမ်းများနှင့်လည်း အဆင်ပြေပြေ ဆက်ဆံလျက် ရှိပါသည်။ သူမသည် အတိုးနှုန်းနည်းနည်း နှင့် ၂ပတ် ၁ကြိမ်သာ ချေးငွေပြန်လည်ပေးဆပ်ရသည်ကို သဘောကျသူ တစ်ယောက်ဖြစ်ပြီး မိမိအနေဖြင့် ယင်းပြန်လည်ပေးဆပ်ရမှုအား ဝန်ထုတ်ဝန်ပိုးမဖြစ်ဘဲ သက်တောင့်သက်သာဖြင့်သာ ယင်းချေးငွေများအား ပြန်လည်ပေးဆပ်နေပါသည်။

preload imagepreload image