ချေးငွေ

အဖွဲ့လိုက်ချေးငွေ

အဖွဲ့ဝင်(၅)ယောက်ချေးငွေအတွက် ကျွန်ုပ်တို့အနေဖြင့် ထုတ်ကုန်ပစ္စည်းများ(ကုန်ကြမ်း၊ ကုန်စည်ပစ္စည်း၊ စက်မှုလက်မှုအသေးစား နှင့် မွေးမြူရေးအစားအစာ) ဝယ်ယူရန် ငွေကြေးထောက်ပံ့ပေးပါသည်။

အသေးစားစီးပွားရေးချေးငွေ

ကျွန်ုပ်တို့၏ စီးပွားရေးချေးငွေ ဆိုရင်ဖြင့် ကျေးလက်နှင့် မြို့ပြဒေသများတွင် လုပ်ငန်းပိုင်ရှင်များကို အရင်းအနှီးများ ထောက်ပံ့ပေးခဲ့ပါသည်။

၀န်ထမ်းချေးငွေ

၀န်ထမ်းချေးငွေဆိုရင်ဖြင့် အသေးစားလျှပ်စစ်ပစ္စည်များ၊ အိမ်သုံးပစ္စည်းများနှင့် ၎င်းတို့၏အိမ်ကို ပြန်လည်ပြုပြင်မွမ်း မံခြင်း(သို့) ပရိဘောဂအသစ်များ ဝယ်ယူရန် လခစားဝန်ထမ်းများအား သင့်တော်ပါသည်။

အရစ်ကျပေးသွင်း၍ ဝယ်ယူသည့်စနစ်

ကျွန်ုပ်တို့သည် အရစ်ကျပေးသွင်း၍ ဝယ်ယူသည့်စနစ်အား လုပ်ငန်းပိုင်ရှင်များ ၊ လခစားဝန်ထမ်းအား တာရှည်ခံ ကုန်ပစ္စည်း မော်တော်ဆိုင်ကယ်ကဲ့သို့ ပစ္စည်းများဝယ်ယူရာတွင် အထူးသင့်လျော်ပါသည်။ ချေးငွေထုတ်ယူလိုသူ များအနေဖြင့် စရန်ငွေအနည်းငယ်သာပေးသွင်းရုံဖြင့် ကျွနု်ပ်တို့မှ ယင်းပစ္စည်းများအား လူကြီးမင်းတို့ကိုယ်ပိုင် ပစ္စည်းဖြစ်သည်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

စုဆောင်းငွေ

အဖွဲ့လိုက်စုဆောင်းငွေ

ကျွန်ုပ်တို့အနေဖြင့် အုပ်စုချေးငွေထုတ်ယူသူများအား ငွေစုသည့် အလေ့အကျင့်ရှိစေရန် နှင့် ဘဝအတွက် အရေးကြီးသော အချိန်များ (သို့) အရေးပေါ်လိုအပ်သည့်ကိစ္စများတွင် အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ပြီး ယင်းစုငွေများအား ကောက်ခံခြင်းဖြစ်ပါသည်။ ကျွနု်ပ်တို့သည် စုရပ် အစည်းအဝေးများတွင် ပုံသေစုငွေပမာဏကိုသာ ကောက်ခံပါသည်။

ဆန္ဒအလျောက်စုငွေ

ကျွန်ုပ်တို့အနေဖြင့် အသင်းသားများအား စုငွေများ စုခြင်းအားဖြင့် နေ့စဉ်ဘ၀ နှင့် လုပ်ငန်းများ၏ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံနိုင်စေရန် ရည်ရွယ်ပြီး ယင်းစုငွေများ စုခြင်းကိုအားပေးရခြင်းဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံငွေများအား အသင်းသားများ၏ အကောင့်ထဲတွင်သာ ထည့်သွင်းထားမည်ဖြစ်ပြီး အသင်းသားများလိုအပ်ပါက အတိုးနှင့်တကွ ပြန်လည်ပေးအပ်မည် ဖြစ်ပါသည်။

ကာကြယ္မႈ

လူမႈဘ၀အာမခံ

ကျွန်ုပ်တို့၏ အာမခံပါတနာနှင့် ပူးပေါင်းပြီး အသင်းသားများအတွက် အသက်သေဆုံးမှု နှင့် မသန်မစွမ်း ဖြစ်သွားခြင်းများ အတွက် အာမခံထားပေးထားပါသည်။

အသေးစားမီးအာမခံ

ကျွန်ုပ်တို့၏ အာမခံပါတနာနှင့် ပူးပေါင်းပြီး အသင်းသားနေအိမ်များ မတော်တဆ မီးလောင်မှုများအတွက် မီးအာမခံများထားရှိရန်အတွက် ကျွန်ုပ်တို့အနေဖြင့် ကမ်းလှမ်းပါသည်။ အသေးစိတ်သိရှိလိုပါက သက်ဆိုင်ရာ ချေးငွေအရာရှိများအား မေးမြန်းစုံစမ်းနိုင်ပါသည်။

Scroll to Top