Our Customers

ဖော်ကျူးဖန်၏ အသင်းသားများ

ဒေါ်အေးအေးမွန်, ဟင်္သာတမြို့

ဒေါ်အေးအေးမွန်သည် စားသောက်တစ်ခုဖွင့်လှစ်ရောင်းပြီး ဟင်္သာတမြို့နယ်တွင် နေထိုင်ပါသည်။ သူမ၏ မိဘများသည် တောင်သူလယ်သမားဖြစ်ပြီး မွေးချင်း၅ယောက်ထဲမှ အကြီးဆုံးသမီးဖြစ်ပါသည်။ လွန်ခဲ့သော ၅နှစ်အတွင်း ဖော်ကျူးဖန် မြန်မာ မှ ချေးငွေများအားအသုံးပြုပြီး သူမဆိုင်တွင်ရှိသောအစားအသောက်များအား ပိုမို ကောင်းမွန်အောင်တိုးမြှင့်ခဲ့ပါသည်။ ပုံမှန် ထမင်ရောင်းချရုံမက ယခုဆိုလျှင် ရာသီပေါ်အသီအနှံများနှင့် ငါးခြောက်များကိုပါ ရောင်းချလျက်ရှိပါသည်။

Read More »

ဒေါ်မြနှင်းအောင် , ပုသိမ်မြို့

ဒေါ်မြနှင်းအောင်သည် သူမ ဘဝတစ်လျှောက်လုံးနေထိုင်လာသည့် ပုသိမ်မြို့မှ ဖြစ်ပါသည်။ မိသားစုကုန်စုံဆိုင်ကို စီစဉ် ကြီးကျပ်လာသည်မှာလည်း ၁၆နှစ်တိုင်ရှိပြီဖြစ်ပါသည်။ သူမခင်ပွန်းသည် ဆိုင်ကယ် Taxi မောင်းနှင်ပြီး သမီးအကြီးသည် အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်ပြီး သမီးအငယ်၂ယောက်မှာ ကျောင်းသူများဖြစ်ကြပါသည်။ သူမသည် ဖော်ကျူးဖန် မြန်မာ ၏ သစ္စာရှိအသင်းသားဖြစ်ပါသည်။ ယခုဆိုလျှင်

Read More »

ဒေါ်စုစုလှိုင်, ဟင်္သာတ

ဒေါ်စုစုလှိုင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် မွေးဖွားခဲ့သော်လည်း ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်သို့ ပြောင်းရွေ့နေထိုင်ခဲ့ပါသည်။ မွေးချင်း ၅ယောက်မှ ၃ယောက်မြှောက်ဖြစ်သည့်အပြင် အဝတ်အစားနှင့် အလှပြင်လုပ်ငန်းလုပ်ကိုင်ခဲ့သည်မှာလည်း ၁၀နှစ်ကြာရှိပြီဖြစ်ပါသည်။ ၂၀၁၄ခုနှစ် ဖော်ကျူးဖန် မြန်မာ စတင်ဖွင့်လှစ်သည့်အချိန်မှစ၍ သူမနှင့် ဖော်ကျူးဖန်မြန်မာ၏ စတင်လက်တွဲခဲ့ပါသည်။ အုပ်စုချေးငွေအသင်းသားဖြစ်သည့်အတွက်ကြောင့် သူမ၏ ချေးငွေပမာဏသည် ၂သိန်းမှ

Read More »

ဒေါ်သင်းသင်းခိုင်, ပုသိမ်မြို့

ဒေါ်သင်းသင်းခိုင်သည် ဖော်ကျူးဖန် မြန်မာ ၏ ၂၀၁၄ မှ စ Fortune Fund Myanmar ၏ အသင်းသားဖြစ်ခဲ့ပါသည်။ ထို့အပြင် ၂၀၀၃မှ စတင်၍ ဈေးဆိုင်ဖွင့်ခဲ့ပါသည်။ သူမအမျိုးသားမှာ cycle taxi မောင်း၍ သူတို့တွင် ကျောင်းပို့ရသော ကျောင်းသားနှစ်ယောက်ရှိပါသည်။ ဖူလ်တန်တွင်

Read More »

ဒေါ်ယမင်းဌေး, ဟင်္သာတမြို့နယ်

ဒေါ်ယမင်းဌေးသည် မောင်နှမသုံးယောက်ထဲတွင် အငယ်ဆုံးဖြစ်ပြီး မိသားစုဈေးဆိုင် ၁ဆိုင်ဖွင့်ထားသူဖြစ်ပါသည်။ သူမသည် ဖော်ကျူးဖန် မြန်မာ နှင့်လက်တွဲခဲ့သည်မှာ ၂၀၁၄ခုနှစ်ကတည်းကဖြစ်ပြီး သူမ ပထမဆုံးအကြိမ်ချေးငွေ ကျပ်၂၀၀၀၀၀ အား မိသားစုအိမ်လုပ်ငန်းလုပ်ကိုင်ရန်အတွက် ထုတ်ချေးခဲ့ပါသည်။ ချေးငွေချေးပေးသည့်အကြိမ်တိုင်းတွင် သူမသည် ချေးငွေပမာဏအများဆုံးရရှိခဲ့ပြီး ယင်းချေးငွေဖြင့် သူမ၏ ဆိုင်အား တိုးချဲ့လုပ်ကိုင်ခဲ့ပါသည်။ နောင်တွင်

Read More »
Scroll to Top