ဒေါ်အေးအေးမွန်သည် စားသောက်တစ်ခုဖွင့်လှစ်ရောင်းပြီး ဟင်္သာတမြို့နယ်တွင် နေထိုင်ပါသည်။ သူမ၏ မိဘများသည် တောင်သူလယ်သမားဖြစ်ပြီး မွေးချင်း၅ယောက်ထဲမှ အကြီးဆုံးသမီးဖြစ်ပါသည်။
လွန်ခဲ့သော ၅နှစ်အတွင်း ဖော်ကျူးဖန် မြန်မာ မှ ချေးငွေများအားအသုံးပြုပြီး သူမဆိုင်တွင်ရှိသောအစားအသောက်များအား ပိုမို ကောင်းမွန်အောင်တိုးမြှင့်ခဲ့ပါသည်။ ပုံမှန် ထမင်ရောင်းချရုံမက ယခုဆိုလျှင် ရာသီပေါ်အသီအနှံများနှင့် ငါးခြောက်များကိုပါ ရောင်းချလျက်ရှိပါသည်။ သူမသည် အနာဂတ်တွင်ရရှိမည့်ချေးငွေများကိုအသုံးပြုပြီး စားသောက်ဆိုင် နေရာချဲ့ထွင်ရန်နှင့် စားသုံးသူများ နှစ်သက်မည့် ကုန်ပစ္စည်းကို တင်ပို့ရောင်းချရန် သူမသည် စီစဉ်ထားပါသည်။
သူမသည် အိမ်ထောင်မရှိသည့်အတွက် ဒေါ်အေးအေးမွန်သည် သူမစားသောက်ဆိုင်မှ ရရှိသော အမြတ်ငွေကို အသုံးပြုပြီး တူ ၊ တူမတို့၏ ပညာရေးကို ထောက်ပံ့နေပါသည်။ သူမသည် ဖူလ်တန်မှ ထောက်ပံ့ပေးသော ငွေရေးကြေးရေးအထောက် အပံ့နှင့် အရမ်းစိတ်ကျေနပ်မှုရှိခဲ့ပါသည်။ ထို့အပြင် ယင်းမှရရှိသော စိတ်အေးချမ်းမှုကိုလည်း တန်ဖိုးထားပါသည်။

Scroll to Top