ဒေါ်မြနှင်းအောင်သည် သူမ ဘဝတစ်လျှောက်လုံးနေထိုင်လာသည့် ပုသိမ်မြို့မှ ဖြစ်ပါသည်။ မိသားစုကုန်စုံဆိုင်ကို စီစဉ် ကြီးကျပ်လာသည်မှာလည်း ၁၆နှစ်တိုင်ရှိပြီဖြစ်ပါသည်။ သူမခင်ပွန်းသည် ဆိုင်ကယ် Taxi မောင်းနှင်ပြီး သမီးအကြီးသည် အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်ပြီး သမီးအငယ်၂ယောက်မှာ ကျောင်းသူများဖြစ်ကြပါသည်။
သူမသည် ဖော်ကျူးဖန် မြန်မာ ၏ သစ္စာရှိအသင်းသားဖြစ်ပါသည်။ ယခုဆိုလျှင် ၅ကြိမ်မြှောက်ချေးငွေ ထုတ်ချေးခြင်းဖြစ်ပြီး သူမ၏ ချေးငွေများကို အသုံးပြုပြီး မိသားစုလုပ်ငန်းများကို ချဲ့ထွင်ခဲ့ပြီး ထို့အပြင် သူမ၏ သမီးအထည်ချုပ်လုပ်ငန်းအတွက် လည်း အပ်ချုပ်စက်များ ဝယ်ယူနိုင်ခဲ့ပါသည်။ သူမ၏ အနာဂတ်ရည်မှန်းချက်သည် ကုန်ပစ္စည်းများအား ပိုမိုတင်သွင်းပြီး မိသားစုကုန်စုံဆိုင်၏လုပ်ဆောင်ချက်များကို မြှင့်တင်ရန်ဖြစ်ပါသည်။
သမီးငယ်၂ယောက်လုံးအတွက်လည်း ကောင်းမွန်သည့်ပညာရေး ရရှိရန်အတွက် သူမ၏ အောင်မြင်သော စီးပွားရေးလုပ်ငန်းမှ အမြတ်ငွေများအား အသုံးပြုခဲ့ပါသည်။ သူမတင်မကဘဲ သူမ၏သမီးလုပ်ငန်းပါ အောင်မြင်လာသည့် အတွက် ဖော်ကျူးဖန် မြန်မာ နှင့် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ပြီး သူမတို့၏ ဘ၀ နှင့် ရည်မှန်းချက် အောင်မြင်ရန်အတွက် ဖူလ်တန်မြန်မာနှင့် ဆက်လက်လုပ်ကိုင်သွားခြင်ပါသည်။

Scroll to Top