ဒေါ်စုစုလှိုင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် မွေးဖွားခဲ့သော်လည်း ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်သို့ ပြောင်းရွေ့နေထိုင်ခဲ့ပါသည်။ မွေးချင်း ၅ယောက်မှ ၃ယောက်မြှောက်ဖြစ်သည့်အပြင် အဝတ်အစားနှင့် အလှပြင်လုပ်ငန်းလုပ်ကိုင်ခဲ့သည်မှာလည်း ၁၀နှစ်ကြာရှိပြီဖြစ်ပါသည်။
၂၀၁၄ခုနှစ် ဖော်ကျူးဖန် မြန်မာ စတင်ဖွင့်လှစ်သည့်အချိန်မှစ၍ သူမနှင့် ဖော်ကျူးဖန်မြန်မာ၏ စတင်လက်တွဲခဲ့ပါသည်။ အုပ်စုချေးငွေအသင်းသားဖြစ်သည့်အတွက်ကြောင့် သူမ၏ ချေးငွေပမာဏသည် ၂သိန်းမှ ၁၀သိန်းအထိ တိုးမြှင့်ခဲ့ပါသည်။ သူမသည် လက်လီ လက်ကားအနေဖြင့် ရွာရှိဆိုင်များတွင် ထိုချေးငွေများကို အသုံးပြုပြီး ထိုချေးငွေများအား အဝတ်အစားနှင့် အလှကုန်ပစ္စည်းများကိုရောင်းချခဲ့ပါသည်။ သူမသည် ရောင်းအားကောင်းသည့်နေရာများတွင် အနာဂတ်တွင်ရရှိမည့်ချေးငွေများကို အသုံးပြုရန် စီစဉ်နေပြီဖြစ်ပါသည်။
သူမသည် တခြား အသေးစားချေးငွေဘဏ်များဖြင့် ယှဉ်သော်လည်း ဖော်ကျူးဖန် မြန်မာ မှ ရရှိသော ချေးငွေ နှင့် အတိုးနှုန်းနည်းပါး မှုအား ဒေါ်စုစုလှိုင်အနေဖြင့် အားရကျေနပ်မှု ရှိပါသည်။ သူမ နှင့် ချေးငွေအရာရှိ ဖြူနှင်းေ၀ သည် ရင်းနှီးစွာ ပူးတွဲလုပ်ဆောင် ရသည်မှာ အဆင်ပြေချောမွေ့လျက်ရှိပါသည်။